the republic of the union of myanmar

ministry of health

Department of Traditional Medicine

ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံကြီး နေပြည်တော်မှ ပျဥ်းမနားခရိုင်၊ နတ်သူရဲကျေးရွာအုပ်စု၊ တာတိုင်ကုန်း ကျေးရွာသို့ သွားရောက်၍ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံကြီး နေပြည်တော်မှ ၅/၂၀၂၄ လ ပထမအကြိမ်ကွင်းဆင်းဆေးကုသခြင်းကို ဒုတိယဆေးရုံအုပ်နှင့် အကြီးတန်းတိုင်းရင်းဆေးမှူးဦးစေားမြတ်ဘုန်းကြွယ်ဦးဆောင်သော ကွင်းဆင်း ဆေးကုသရေးအဖွဲ့သည် ပျဥ်းမနားခရိုင်၊ နတ်သူရဲကျေးရွာအုပ်စု၊ တာတိုင်ကုန်းကျေးရွာသို့  သွားရောက်၍ ကျန်းမာရေးစောင့်ရှောက်မှုဆေးကုသပေးခြင်းနှင့်အပူဒဏ်ကာကွယ်ရေးကျန်းမာစွာနေထိုင်နည်းတို့ကိုအသိပညာပေး ဟောပြောခြင်းဆောင်ရွက်ခဲ့ရာ ကျား(၃၄)ဦး၊ မ(၈၁) ဦး၊ စုစုပေါင်းလူနာ(၁၁၅) ဦး ကို နံနက် ၉နာရီမှ နေ့လယ်၁၂နာရီအထိ ကျန်းမာရေးစောင့်ရှေက်မှုပေးခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း