the republic of the union of myanmar

ministry of health

Department of Traditional Medicine

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကန်ကြီးထောင့်မြို့နယ်မှ "စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ကွင်းဆင်း‌ဟောပြောသည့်အခမ်းအနား"တွင် တိုင်းရင်းဆေးပညာဖြင့် အသိပညာပေးဟောပြောခြင်း

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကန်ကြီးထောင့်မြို့နယ်မှ (၉-၅-၂၀၂၄) ကြာသပတေးနေ့တွင်  မိချောင်းတစ်ရာကျေးရွာအုပ်စု ရွာသစ်ကုန်းကျေးရွာရှိ ဆဲမားအူဒုန်ခန်းမတွင် ပြုလုပ်သော  မြို့နယ်အုပ်ချုပ်ရေးမှူးဦးဆောင်သည့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများပါဝင်သော  "စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ကွင်းဆင်း‌ဟောပြောသည့်အခမ်းအနား"တွင် မြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဦးမောင်မောင်မြင့်သည် "နွေရာသီ အပူချိန်မြင့်နေသည့်ကာလတစ်လျှောက် ဥတုအလိုကျခန္ဓာကိုယ်၌ဖြစ်ပေါ်နေသည့်လက္ခဏာများအကြောင်းနှင့် နေထိုင်စားသောက်သင့်သည်များ ဆောင်ရန်/ရှောင်ရန်များ"ကို  အခမ်းအနားတက်ရောက်လာသည့် ဒေသခံပြည်သူ (၇၀)ဦးခန့်အား တိုင်းရင်းဆေးပညာရှုထောင့်မှ အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း