ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့ (၁၆) ခုတင်ဆံ တိုင်းရင်းဆေးရုံမှ (၉-၅-၂၀၂၄) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီးဦးစီးဌာနမှူး၏လမ်းညွှန်မှုဖြင့် ကြို့ပင်ကောက်မြို့ ဒုတိယဆေးရုံအုပ် ဒေါ်ဆွေဇင်ဖြိုး၊ ဒုတိုင်းရင်းဆေးမှူး ဒေါ်ဇင်ဇာလီထက် ၊ အငယ်တန်းစာရေး (၃)ဦးတို့သည် ရွှေကြို့မြေ ဘိုးဘွားရိပ်သာ၌ အခမဲ့ကွင်းဆင်းဆေးကုသရာ လူနာဦးရေကျား (၁၀)ဦး၊ မ (၁၁)ဦး စုစုပေါင်း( ၂၁ )ဦးတို့အား ဆေးကုသမှုပေးခဲ့ ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။