ရန်ကုန်တိုင်းဒေသကြီး ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံ၊ ရန်ကုန်မှ (၉.၅.၂၀၂၄) ရက်နေ့ (ကြာသပတေးနေ့)တွင် ဒုတိယဆေးရုံအုပ် ဒေါ်ယဥ်ယဥ်မြင့်ဦးဆောင်ပြီး တိုင်းရင်းဆေးမှူးဒေါ်ယဥ်မွန်ချို၊ ဒုတိယတိုင်ရင်းဆေးမှူး ဒေါ်မေသွေးကို၊ အလုပ်သင်ဆရာမ မအေးနန္ဒာယုတို့ပါဝင်သောအဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ သက်ကြီးရွယ်အိုများနေ့ပိုင်းစောင့်ရှောက်ရေးဂေဟာ၌ နံနက် (၉)နာရီမှ နေ့လယ် (၃း၀၀) နာရီ အထိ ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ပေးခဲ့ရာ လူနာကျား (၄၃)ဦး မ (၂၉)ဦး စုစုပေါင်း (၇၂)ဦးတို့အား အခမဲ့ကွင်းဆင်းဆေးကုသမှု့ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။