ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် တောင်ဥက္ကလာပ မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ၇-၅-၂၀၂၄ ရက်နေ့ နံနက်၁၀:၀၀တွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်စောကလျာမျိုးသည် တောင်ဥက္ကလာပမြိုနယ် (၅)ရပ်ကွတ်၌ မီးယပ်ရောဂါအကြောင်းနှင်သိကောင်းစရာများကိုဟောပြောပြီး ကွင်းဆင်းဆေးကုရာ ကျား(၁၂) ဦး နှင့်မ(၁၈)ဦး စုစုပေါင်း (၃၀)ဦး အားဆေးကုသပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။