ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ဖြူးမြို့နယ်တိုင်းရင်းဆေးကုဌာနမှ ၂၆-၄-၂၀၂၄ ရက်နေ့မှ ၂၈-၄-၂၀၂၄ ရက်နေ့ အထိ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဝင်းဝင်းအေးသည် ဖြူး(၁၆)ခုတင်ဆံ့တိုင်းရင်းဆေးရုံမှ ဆရာမများနှင့်ပူးပေါင်း၍ ဖြူးမြို့ သိရီမင်္ဂလာရွှေကျင်တောင်ပရိယတ္တိစာသင်တိုက်နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊နာယကဆရာတော်ဘဒ္ဒန္တစိန္တိတာဘိဝံသ(အဂ္ဂမဟာပဏ္ဏိတ)မဟာထေရ်၏ဂုဏ်ပြုပွဲ၌ ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။