the republic of the union of myanmar

ministry of health

Department of Traditional Medicine

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

ပဲခူးတိုင်း​ဒေသကြီး တိုင်းရင်း​ဆေးပညာဦးစီးဌာန တိုင်း​ဒေသကြီးဦးစီးဌာနမှူး၏လမ်းညွှန်မှု့ဖြင့်  ၁၁-၄ -၂၀၂၄ ရက် နေ့၊ ​နေ့လည် ၁၂နာရီတွင် သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် ၊တိုင်းရင်း​ဆေးကုဌာနမှ မြို့နယ်တိုင်းရင်း​ဆေးမှူး ​ဒေါ်တင်နွယ်နွယ်ဝင်း၊ရုံးအကူ ဦး​စောနိုင်ဝင်းထွေးတို့သည် ရွှေဆယ်ဝတီဘိုးဘွားရိပ်သာသို့ ကွင်းဆင်း ဆေးကုသမှုဆောင်ရွက်ခဲ့ရာ ကျား(၉)ဦး၊ မ(၂၁)ဦး၊ စုစုပေါင်း (၃၀)ဦးတို့အား ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း