the republic of the union of myanmar

ministry of health

Department of Traditional Medicine

ရန်ကုန်တိုင်းဒေသကြီး ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံမှ တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

ရန်ကုန်တိုင်းဒေသကြီး ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံမှ (၁၈-၃-၂၀၂၄) ရက်နေ့တွင် အကြီးတန်း တိုင်းရင်းဆေးမူး ဒေါ်ချောထက် ဦးဆောင်ပြီး တိုင်းရင်းဆေးမူး ဒေါ်ဝေဝေနိူင်လက်ထောက် တိုင်းရင်းဆေးမူး ဒေါ်ပပ​ကျော် အလုပ်သင် မစန္ဒာနှင့် မောင်လိူင်မင်းဦး တို့ပါဝင်သောအဖွဲ့သည် မရမ်းကုန်းမြို့နယ် သက်ကြီးရွယ်အိုများနေ့ပိုင်းစောင့်ရှောက်ရေးဂေဟာ၌ နံနက်(၉)နာရီမှ နေ့လည်(၁၂)နာရီအထိ လူနာ ကျား(၁၆)ဦး၊ မ(၁၀)ဦး စုစုပေါင်း (၂၆)ဦးတို့အား အခမဲ့ကွင်းဆင်းဆေးကုသမူလုပ်ငန်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း