ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန တိုင်းဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် (၂၅)ခုတင်ဆံ့ ပြည်တိုင်းရင်းဆေးရုံမှ (၁၄-၃-၂၀၂၄)ရက်နေ့တွင် ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်မြတ်မှူးခင်နှင့် အငယ်တန်းစာရေး ဒေါ်ဝေမာလွင်သန်းတို့သည် ပြည်မြို့ ရတနာရွှေကူပရဟိတကျောင်းမှ ကျား(၁)ဦး၊ မ(၄၉)ဦး စုစုပေါင်း(၅၀) တို့အား ကွင်းဆင်းဆေးကုသမှုပြုလုပ်ခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။