the republic of the union of myanmar

ministry of health

Department of Traditional Medicine

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ်တိုင်းရင်းဆေးကုဌာနနှင့် (၁၆)ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

ပဲခူးတိုင်း​ဒေသကြီး​ တောင်​ငူခရိုင်​ ရေတာရှည်​မြို့နယ် ​တိုင်းရင်း​ဆေးကုဌာနမှ ဒုတိယတိုင်းရင်း​ဆေးမှူး ​ဒေါ်​မေနှင်းနှင့်​ (၁၆)ခုတင်​ဆံ့တိုင်းရင်းဆေးရုံမှ​ ဒုတိယတိုင်းရင်း​ဆေးမှူး ဒေါ်ခင်​စန်းလှိုင်​၊ လက်​ထောက်​တိုင်းရင်း​ဆေးမှူး ​ဒေါ်​အေးငြိမ်းစံ တို့​ပူး​ပေါင်း၍​ (၄-၃-၂၀၂၄)ရက်နေ့ နံနက်​၁၁:၀၀နာရီအချိန်​၌  ရေတာရှည်​မြို့ ဘိုးဘွားရိပ်​သာသို့သွား​ရောက်​ကာ  အဘိုးအဘွားများနှင့်​ဝန်​ထမ်းများ (၄၀)ဦးအား​ သွေးတိုး​ရောဂါနှင့် ဆောင်​ရန်​ရှောင်​ရန်​များအ​ကြောင်းကို​ ဒုတိယတိုင်းရင်း​ဆေးမှူး ဒေါ်ခင်​စန်းလှိုင်​မှ အသိပညာ​ပေးခြင်း​ဆောင်​ရွက်​ခဲ့ပြီး ကျား (၁၀)ဦး၊ မ(၂၇)ဦး၊ စုစု​ပေါင်း (၃၇)ဦးတို့အား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာ​ရေး​စောင့်​ရှောက်​မှု​ပေးခြင်းများ​ဆောင်​ရွက်​ခဲ့ကြောင်းသိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ