the republic of the union of myanmar

ministry of health

Department of Traditional Medicine

ရန်ကုန်တိုင်းဒေသကြီး ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံ၊ ရန်ကုန်မှ တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

ရန်ကုန်တိုင်းဒေသကြီး ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံ၊ ရန်ကုန်မှ (၂၂-၂-၂၀၂၄)ရက်နေ့ (ကြာသပတေးနေ့)တွင် အကြီးတန်းတိုင်းရင်းဆေးမှူး ဒေါ်သန်းသန်းအေး ဦးဆောင်ပြီး ဒုတိယ တိုင်းရင်းဆေးမှူး ဒေါ်မိတင်တင်ဦးနှင့် အလုပ်သင်ဆရာ/ဆရာမ (၈)ဦးတို့ပါဝင်သောအဖွဲ့သည် ရန်ကုန်တိုင်း ဒေသကြီး၊ ဗဟန်းမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာန အမျိုးသမီးသက်မွေးပညာသင်ကျောင်း၌ နေ့လည် (၁၂)နာရီမှ ညနေ(၃)နာရီအထိ အလုပ်သင်ဆရာ/ဆရာမများအား လူနာလက်တွေ့ချဉ်းကပ်နည်း သင်ကြား ပေးခြင်းနှင့် ကွင်းဆင်းဆေးကုသမှု   ဆောင်ရွက်ပေးခဲ့ရာ လူနာကျား (၂)ဦး မ (၄၀)ဦး စုစုပေါင်း (၄၂)ဦးတို့ အား တိုင်းရင်းဆေးပညာဖြင့် အခမဲ့ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ပေးခဲ့ပြီး၊ “မီးယပ်လာစဉ်နာကျင် ကိုက်ခဲ ခြင်း” အကြောင်းအရာခေါင်းစဉ်ဖြင့် ဟောပြောပွဲတက်ရောက်သူဦးရေ(၆၅)ဦးအား ကျန်းမာရေး အသိပညာ ပေးဟောပြောခဲ့ကြောင်းသိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း