the republic of the union of myanmar

ministry of health

Department of Traditional Medicine

တိုင်းရင်းဆေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တိုင်းရင်းဆေးတက္ကသိုလ်ဝန်ထမ်းများ တွေ့ဆုံပွဲကျင်းပ

Error message

Notice: Undefined index: field_images in include() (line 5 of /var/www/html/sites/all/themes/dtm/template/node/node--article.tpl.php).

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နံနက် ၈း၃၀ နာရီက တိုင်းရင်းဆေးတက္ကသိုလ်၊ အခန်းအမှတ် (၂၀၂) ၌ ကျင်းပရာ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေးက အဖွင့်အမှာစကား ပြောကြားကာ အဆိုပါတွေ့ဆုံပွဲသို့ တိုင်းရင်းဆေးတက္ကသိုလ်၊ ပါမောက္ခချုပ် ပါမောက္ခဒေါက်တာသိန်းဇော်လင်း၊ ဒုတိယပါမောက္ခချုပ်၊ မော်ကွန်းထိန်းနှင့် ပါမောက္ခ/ဌာနမှူးများ၊ မန္တလေးတိုင်းဒေသကြီး၊ တိုင်းရင်းဆေးပညာ ဦးစီးဌာနမှူး၊ ခုတင်(၁၀၀)ဆံ့ သင်ကြားရေးတိုင်းရင်းဆေးရုံအုပ်ကြီး၊ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးစက်ရုံ စက်ရုံမှူးနှင့် ဒုတိယပါမောက္ခ/ဌာနမှူးများ၊ ကထိက/ဌာနမှူးများ၊ ဌာနတာဝန်ခံ ဆရာ/ဆရာမများ၊ စီမံဌာနများနှင့် သင်ကြားရေးဌာနများမှ ဝန်ထမ်းများ စုံညီစွာ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါ တွေ့ဆုံပွဲ အခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ်က တက္ကသိုလ်၏ ဆရာ/ဆရာမ ဝန်ထမ်းအဖြစ် တာဝန် ထမ်းဆောင်ရသည်မှာ ဂုဏ်ယူဖွယ် ကောင်းလှပါကြောင်းနှင့် စည်းကမ်းနှင့်အညီနေထိုင်ကြရန် ပြောကြားကာ တက်ရာက်လာသော ဝန်ထမ်းများက သိရှိလိုသည်များ၊ တင်ပြလိုသည်များကို ဆွေးနွေးတင်ပြကြပြီး ညွှန်ကြားရေးမှူးချုပ်က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း
အိမ်ရှင်မများအတွက် မီးဖိုချောင်မှဆေးစွမ်းကောင်းများ အကြောင်းသိကောင်းစရာ