ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဇလွန်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ၁၁-၂-၂၀၂၄ ရက်နေ့တွင် လမိုင်းဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ အအေးမိနှာစေးချောင်းဆိုးခြင်းမှ ကာကွယ်ရန် ပြုမူ နေထိုင်နည်းများအကြောင်းကို လူဦးရေ(၁၀၀)ဦးအား ကျန်းမာရေးပညာပေးဟောပြောခဲ့ပြီး ကျား ၂၅ ဦး၊ မ ၂ဝ ဦး၊ စုစုပေါင်း ၄၅ ဦးအား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။