ပဲခူးတိုင်းဒေသကြီး၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးဌာနမှူး၏လမ်းညွှန်မှုဖြင့် (၂၅)ခုတင်ဆံ့တိုင်းရင်းဆေးရုံ၊ ပြည်မြို့မှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်နွယ်မာရီနှင့် အငယ်တန်းစာရေး ဒေါ်ဝေမာလွင်သန်းတို့သည် (၁၆-၂-၂၀၂၄)ရက်နေ့တွင် ပြည်မြို့ န၀င်းရပ်ကွက် န၀င်းဝါဆိုကျောင်းရှိ သံဃာတော်များနှင့်သီလရှင်များအား ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ခဲ့ရာ ကျား (၁၃)ဦး၊ မ(၉)ဦး စုစုပေါင်း (၂၂)ဦးတို့အား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။