ပဲခူးတိုင်းဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဦးအောင်ညိုသည် ၁၆-၂-၂၀၂၄ ရက်နေ့တွင် လက်ပံပင်ကျေးရွာသို့သွားရောက်၍ ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ရာ ကျား (၇)ဦးနှင့် မ(၁၅)ဦး၊ စုစုပေါင်း ၂၂ ဦးအား တိုင်းရင်းဆေးပညာဖြင့် ဆေးဝါး ကုသမှုဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။