ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး၊ ဒေါ်စောကလျာမျိုးနှင့်အဖွဲ့သည် ၁၄-၂-၂၀၂၄ ရက်နေ့ နံနက်၁၀:၀၀နာရီတွင် တောင်ဥက္ကလာပမြို့နယ် (၆)ရပ်ကွက်၌ ကျီးပေါင်းအကြောင်းသိကောင်းစရာနှင့် ဆောင်ရန်ရှောင်ရန်များကို ဟောပြောပြီးကွင်းဆင်းဆေးကုပေးရာ ကျား ၁ဝ ဦး ၊ မ ၁၅ ဦး ၊ စုစုပေါင်း ၂၅ ဦး အား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။