ကျန်းမာရေးဝန်ကြီးဌာန ရခိုင်ပြည်နယ်တိုင်းရင်းဆေးပညာဦးစီးဌာန ခရိုင်ဦးစီးဌာနမှူးရုံး၌ တွဲဘက် တာဝန်ထမ်းဆောင်နေကြသော ဒုတိုင်းရင်းဆေးမှူးများဖြစ်ကြသည့် ဒေါ်အေးအေးစန်း၊ ဦးဇော်ရဲအောင်၊ ဒေါ်သင်းသင်းဌေးနှင့် စစ်တွေမြို့နယ်တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး ဦးသိန်းဌေးအောင် တို့သည် ၁၄-၂-၂၀၂၄ ရက်နေ့တွင် စစ်တွေ့မြို့ ဘိုးဘွားရိပ်သာမှ အဘိုးအဘွားများအား ကွင်းဆင်း ဆေးကုသမှု ဆောင်ရွက်ခဲ့ရာ အဘိုး(၁၀)ဦး အဘွား(၂၁)ဦးတို့ကို တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ခဲ့ကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။