ရှမ်းပြည်နယ် ခုတင်(၅၀)ဆံ့တိုင်းရင်းဆေးရုံ(အေးသာယာ) တောင်ကြီးမှ (၁၀-၂-၂၀၂၄) ရက်နေ့တွင် အကွက်ကြီး(၃) ထုံးဘိုရပ်ကွက်သို့ ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ခဲ့ရာ လူနာ လူကြီး ကျား (၂၄) ဦး၊ လူကြီး မ (၆၀) ဦး၊ ကလေး ကျား(၁)ဦး၊ ကလေး မ (၁)ဦး၊ စုစုပေါင်း လူနာ (၈၆) ဦးအား တိုင်းရင်းဆေး ပညာဖြင့် ကျန်းမာရေးစောင့်ရှောက်၍ ဆေးကုသမှုများ ပြုလုပ်ပေးခဲ့ကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။