ပဲခူးတိုင်းဒေသကြီးဦးစီးဌာနမှူး၏လမ်းညွှန်မှုဖြင့် ကြို့ပင်ကောက်မြို့( ၁၆ ) ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ( ၉- ၂ -၂၀၂၄)နေ့တွင် ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ဆွေဇင်ဖြိုး နှင့်ဒေါ်ဇင်ဇာလီထက်၊ အငယ်တန်းစာရေး ( ၃ )ဦးတို့သည် ရွှေကြို့မြေဘိုးဘွားရိပ်သာသို့ သွားရောက်၍ ဆေးကုသခြင်းဆောင်ရွက်ခဲ့ပြီး လူနာဦးရေကျား ( ၁၁ )ဦး ၊ မ ( ၁၆) ဦး စုစုပေါင်း( ၂၇ )ဦးတို့အားဆေးကုသမှုပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။