ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန တိုင်းဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် ပြည်ခရိုင်ရွှေတောင်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ (၆/၂/၂၀၂၄)ရက်နေ့တွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်နီလာမြင့်နှင့် လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်ဇာဇာအောင်တို့သည် ရွှေတောင်မြို့နယ် ပြည်သူ့ဆက်ဆံရေးနှင့်ပြန်ကြားရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ရွှေတောင်မြို့ (အမကဝါးလည်)ကျောင်း၌ မီးဖိုချောင်သုံးတိုင်းရင်းဆေးဝါးများအကြောင်းကို ကျောင်းသား/ ကျောင်းသူ (၅၀)ဦးအား အသိပညာပေးဟောပြောခဲ့ပြီး ကျား(၁၆)ဦး မ(၂၄)ဦး စုစုပေါင်း (၄၀)ဦးအားကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ ပြီး ၎င်းနောက် အမက(ကြို့ကုန်း)ကျောင်းသို့ သွားရောက်၍ ကျောင်းသားကျောင်းသူ (၅၀)ဦးအား တိုင်းရင်းဆေးဝါးသုံးစွဲသူများ သိကောင်းစရာ အကြောင်း အသိပညာပေးဟောပြောခဲ့ကာ ကျား(၁၈)ဦး၊ မ(၂၀)ဦး စုစုပေါင်း (၃၈)ဦးအား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။