မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင် ရေနံချောင်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ၃၀-၁-၂၀၂၄ ရက်နေ့တွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်စံသွယ် တိုင်းရင်းဆေးရုံမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်သိန်းသိန်းဝင်း ပူးပေါင်းအဖွဲ့သည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော နိုင်ငံ့ ဝန်ထမ်းပင်စင်စားများအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်းအာဟာရကျွေးမွေးခြင်းနှင့် အခြေခံစားသောက် ကုန်များထောက်ပံ့ပေးခြင်း အခမ်းအနားတွင်ကျား ၂၀ ဦး၊ မ ၃၅ ဦး စုစုပေါင်း လူနာ(၅၅)ဦးအား ကွင်းဆင်း ဆေးကုသမှု ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။