မြိတ်ခရိုင် တိုင်းရင်းဆေးပညာဦးစီးဌာနမှ (၂၅)ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ (၁၆.၁.၂၀၂၄) ရက်နေ့တွင် ခရိုင်တိုင်းရင်းဆေးမှုး ဆရာမဒေါ်ဝါဝါနှင့် ဆရာမဒေါ်ခင်မာကြူတို့သည် မြိတ်ဘိုးဘွားရိပ်သာမ၌ အဘိုးအဘွားတို့အား တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် ကွင်းဆင်းဆေးကုသမှု များကိုဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။