the republic of the union of myanmar

ministry of health

Department of Traditional Medicine

တိုင်းရင်းဆေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေးသည် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းဆေးကုဌာနများနှင့် တိုင်းရင်းဆေးဝါးထုတ်လုပ်သည့်စက်ရုံများသို့ သွားရောက်ကြည့်ရှုခြင်း

တိုင်းရင်းဆေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေးသည် ၂၄-၁-၂၀၂၄ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးဥက္ကံတိုင်းရင်းဆေးကုဌာန၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ သာယာဝတီမြို့နယ်/ခရိုင်တိုင်းရင်းဆေးကုဌာန၊ကြို့ပင်ကောက်တိုင်းရင်းဆေးရုံ၊ ကြို့ပင်ကောက်မြို့နယ်တိုင်းရင်းဆေးကုဌာနတို့နှင့် ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ    ဇာပျံလေးတိုင်းရင်းဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းတို့သို့ သွားရောက်ကြည့် ရှုစစ်ဆေးခဲ့ပါသည်။ နေ့လယ်ပိုင်းတွင် နတ္တလင်းတိုင်းရင်းဆေးကုဌာန၊ ပေါင်းတည်တိုင်းရင်းဆေးကုဌာန၊ ရွှေတောင်တိုင်းရင်းဆေးကုဌာနတို့နှင့် ရွှေတောင်မြို့ လင်းရောင်ခြည် တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးဆေးတိုက်တို့တွင် ကြည့်ရှုစစ်ဆေးခဲ့ကာ ညနေပိုင်းတွင် ပြည်မြို့နယ် တိုင်းရင်းဆေးကုခန်း၊ ပြည်ခရိုင်ဦးစီးဌာနမှူးရုံး၊ ပြည်တိုင်းရင်းဆေးရုံတို့အား ကြည့် ရှုစစ်ဆေးခဲ့ပါသည်။

ဆက်လက်ပြီး ၂၅-၁-၂၀၂၄ ရက်နေ့ နံနက်ပိုင်းတွင် လမင်းတိုင်းရင်းဆေးဝါးထုတ်လုပ်ရေးဆေးတိုက်၊ ဦ:စိန်ခိုဆေးတိုက် တို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး နေ့လယ်ပိုင်းတွင် (၂၅)ခုတင်ဆံ့ပြည်တိုင်းရင်းဆေးရုံဝန်ထမ်းများနှင့်တွေ့ဆုံကာ ဆေးကုသပေးနေမှုအခြေအနေ၊ ဆေးဝါးရရှိသုံးစွဲမှုနှင့်ဆေးဝါးလိုအပ် ချက်များအား စစ်ဆေးမေးမြန်းကာ လိုအပ်သည်များ ဖြည့်ဆည်းလမ်းညွှန်ခဲ့ပါသည်။ ညွှန်ကြားရေးမှူးချုပ်နှင့်အတူ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး တိုင်းဒေသကြီးဦးစီးဌာနမှူးနှင့် ခုတင် (၅ဝ)ဆံ့ တိုင်းရင်းဆေးရုံ (ပဲခူးမြို့) ဆေးရုံအုပ်နှင့် တာဝန်ရှိသူများ လိုက်ပါကြကြောင်း သတင်းရရှိပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ