ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် ၁၇.၁. ၂၀၂၄ နေ့တွင် ဖြူးမြို့ ၁၆ ခုတိုင်းရင်းဆေးရုံမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ဇင်မင်းထွန်း၊ အကြီးတန်းစာရေး ဒေါ်မြစန်းအေးနှင့် အကြီးတန်းစာရေး ဦးလှမျိုးတို့သည် မြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဆရာမဒေါ်ဝင်းဝင်းအေးနှင့်ပူးပေါင်း၍ မြို့အရှေ့ရပ်ကွက်၌ ကျန်းမာရေးပညာပေးဟောပြောခြင်းနှင့် တိုင်းရင်းဆေးဖြင့် ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ခဲ့ရာ ကျား ၅ ဦး မ ၁၇ ဦး စုစုပေါင်း ၂၂ ဦးတို့အား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပြီး သန်တုတ်ရောဂါနှင့်အရေပြားယားယံခြင်း၊ အအေးမိနှာစေး အဖျားရောဂါအကြောင်းတို့ကို ပညာပေးဟောပြောခဲ့ကြောင်း သိရသည်။