ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် တံတားမြို့ တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဦးအောင်ဟိန်းသူ ဦးဆောင်သော ကွင်းဆင်းအဖွဲ့သည် ၁၆.၁.၂၀၂၄ အင်္ဂါနေ့နံနက် ၁၀:၀၀နာရီမှ နေ့လယ် ၁:၀၀နာရီအချိန်ထိ ကဒပ္ပနကျေးရွာတွင် ကျေးရွာသူ/ကျေးရွာသားတို့အား `လည်ဆစ်ရိုးကျီးပေါင်းရောဂါ´အကြောင်း ကျန်းမာရေးအသိပညာပေးဟောပြော၍ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ပြုလုပ်ခဲ့ပြီး အမျိုးသားလူနာ(၁၁)ဦး၊ အမျိုးသမီးလူနာ(၂၃)ဦး စုစုပေါင်းလူနာ (၃၄)ဦးတို့အား တိုင်းရင်းဆေးဝါးများဖြင့် ကွင်းဆင်းဆေးကုသမှုပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။