ရန်ကုန်တိုင်းဒေသကြီး၊ ခုတင် (၁၀၀)ဆံ့ တိုင်းရင်းဆေးရုံကြီးတွင် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၁၆) ရက်နေ့ နေ့လယ် (၂:၀၀) နာရီတွင် ၂၀၂၄ ခုနှစ်၊ တိုင်းရင်းဆေးတက္ကသိုလ်၊ အလုပ်သင်စာတမ်းဖတ်ပွဲ (Clinical Meeting) အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် သဘာပတိအဖြစ် ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံ၊ ရန်ကုန် (ဆေးရုံအုပ်ကြီး) ဒေါ်စိုးစိုးမွန်မှဆောင်ရွက်ခဲ့ပြီး အခမ်းအနားမှူးအဖြစ် ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံ ရန်ကုန်မှ ဒေါ်မို့မို့မောင် (သင်-၁၉)နှင့် ဒေါ်စန္ဒာ (သင်-၂၃) တို့က ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါအခမ်းအနား၌ ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံ၊ရန်ကုန် အထွေထွေရောဂါကု(ပဉ္စကမ္မ)ဌာနမှ ဒေါ်နေခြည်ပိုင်ထွန်း (သင်-၁)သည် Low back pain due to Myelopathy ခေါင်းစဥ်ဖြင့် ဖတ်ကြားဆွေးနွေးပြီး ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံ၊ရန်ကုန်မှ ဆရာ၊ ဆရာမ စုစုပေါင်း(၃၁)ယောက်တက်ရောက်၍ ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြပြီး အခမ်းအနားကို ညနေ (၃:၃၀)နာရီတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။