ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့ မြိုနယ်တိုင်းရင်းဆေးကုဌာနမှ ၁၀-၁-၂၀၂၄ ရက်နေ့ တွင် မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ဒေါ်မေနှင်း၊ ဒုတိယတိုင်းရင်းဆေးမှူး၊ ၁၆ ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ဒေါ်ခင်စန်းလှိုင်၊ ဒုတိယတိုင်းရင်းဆေးမှူးဒေါ်အေးငြိမ်းစံ၊ လက်ထောက်တိုင်းရင်းဆေးမှူး တို့ပူးပေါင်း၍ ရေတာရှည်မြို့ ဓာတ်တော်ကျောင်းတိုက်သို့ သွားရောက်ကာ ဥပုသ်သီလဆောက်တည်ကြသူများ ကျား(၇)ဦး မ(၂၃)ဦး စုစုပေါင်း ၃၀ ဦးအား ကျန်းမာရေးစောင့်ရှောက်မှူပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။