အဆိုပါကွင်းဆင်းဆေးကုခြင်းတွင် ကရင်ပြည်နယ်ဦးစီးဌာနမှူးဒေါ်စိုးစိုးယဉ်၊ ဆေးရုံအုပ်ဦးသိန်ထွန်း၊ ဒေါ်သီသီခိုင် တိုင်းရင်းဆေးမှူး၊ ဒေါ်ကေဇင်စိုး ဒုတိယ တိုင်းရင်း ဆေးမှူး၊ ဒေါ်နန်းနုနုအေး အထက်တန်းသူနာပြုတို့မှ ဘိုးဘွားရပ်သာရှိ အဘိုးအဘွား များအား ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် ဆေးကုသမှုပေးခြင်းများဆောင်ရွက်ခဲ့ရာ လူနာလူကြီးကျား ၃ ဦး၊ လူကြီးမ ၁၃ ဦး စုစုပေါင်း အဘိုးအဘွား၁၆ ဦး ကုသ မှုပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။