မကွေးတိုင်းဒေသကြီး၊သရက်ခရိုင်၊အောင်လံမြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဖြူမာကိုသည် (၇-၁-၂၀၂၄)ရက်နေ့တွင် ရတနာအောင်မြေသီလရှင်စာသင်တိုက်သို့သွားရောက်၍ ကွင်းဆင်း ဆေးကုသမှုဆောင်ရွက်ခဲ့ရာသီလရှင်(၃၅)ပါးအားတိုင်းရင်းဆေးဖြင့်ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးခဲ့ပြီး ဝဲ၊ယားနာရောဂါအကြောင်းအသိပညာပေးဟောပြောမှုဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။