မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၇-၁-၂၀၂၄)ရက်နေ့တွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဖြူမာကိုသည် ရတနာအောင်မြေသီလရှင်စာသင်တိုက်သို့သွားရောက်၍ ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ခဲ့ရာ သီလရှင်(၃၅)ပါးအား တိုင်းရင်းဆေးဖြင့်ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခဲ့ပြီး ဝဲ၊ယားနာရောဂါအကြောင်းအသိပညာပေးဟောပြောမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။