တိုင်းရင်းဆေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေးသည် တောင်ကြီးစက်မှုဇုန်ရှိ တောင်ကြီး စက်မှုဇုန်ရှိ ဝုန်းဝမ်းတိုင်းရင်းဆေးဝါးထုတ်လုပ်ရေးစက်ရုံသို့ သွားရောက်၍ ကုန်ကြမ်းသိုလှောင်မှု၊ သန့်စင်မှု၊ အခြောက်ခံမှု၊ ဆေးထုတ်လုပ်မှုများကို စစ်ဆေးကာ လိုအပ်မှုများအားပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြောင်း သတင်းရရှိပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။