တိုင်းရင်းဆေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေးသည် ရှမ်းပြည်နယ်ရှိ ဝုန်းဝမ်း တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးသို့ သွားရောက်ကာ တိုင်းရင်းဆေးဝါးထုတ်လုပ်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။
ထို့နောက် ပြည်လုံးချမ်းသာဆေးတိုက်သို့ လည်းသွားရောက်၍ သမားတော်ကြီးဦးဘိုကြီးအား တွေ့ဆုံကာ ဆွေးနွေးမေးမြန်း၍ လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။