ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာနတိုင်းဒေသကြီးဦးစီးဌာနမှူး၏လမ်းညွှန်မှုဖြင့် (၃-၁-၂၀၂၄) ရက်နေ့တွင် ပြည်ခရိုင်ရွှေတောင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်နီလာမြင့်သည်ရွှေတောင်မြို့နယ် ပြည်သူ့ဆက်ဆံရေးနှင့်ပြန်ကြားရေးဦးစီးဌာန စားသုံးသူရေးရာဦးစီးဌာနတို့နှင့် အားကစားနှင့် ကာယပညာဦးစီးဌာန လူမှုဝန်ထမ်းဦးစီးဌာနတို့နှင့်ပူးပေါင်း၍ရွှေတောင်မြို့ (အထက)ကျောင်း၌ မီးဖိုချောင်သုံး တိုင်းရင်းဆေးဝါးအကြောင်းကို ကျောင်းသား/ကျောင်းသူ (၂၅၆)ဦးအား အသိပညာပေးဟောပြောခဲ့ပြီး ကျား(၆၀)ဦး မ(၇၀)ဦး စုစုပေါင်း ၁၃၀ဦးအား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေး၍ ရွှေတောင်မြို့ (အထက(ခွဲ))သရက်တောကျောင်း၌ ကျောင်းသား/ကျောင်းသူ(၁၈၀)ဦးအားဆေးဘက်ဝင် ဂျင်းပင်အကြောင်း အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းသား(၇၈)ဦး ကျောင်းသူ(၄၂)ဦးစုစုပေါင်း ၁၂၀ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်းသိရသည်။