ရှမ်းပြည်နယ်တောင်ပိုင်း မိုးနဲမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဦးမျိုးလွင် ဦးဆောင်သော အဖွဲ့သည် ၂၆.၁၂.၂၀၂၃ ရက်နေ့ မိုးနဲမြို့နယ် ကာဟကျေးရွာ၌ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းနှင့်ပူးပေါင်း၍ ပြည်သူ(၅၀)ဦးအား တိုင်းရင်းဆေးပညာအကြောင်း ဟောပြောပြီး ကျား - ၇ ဦး၊ မ - ၁၄ ဦး စုစုပေါင်း ၂၁ ဦးအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေး စောင့်ရှောက်မှု ပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။