ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန တိုင်းဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန်မှု့ဖြင့် ၁၉.၁၂.၂၀၂၃ရက်နေ့တွင် ပြည်ခရိုင် ပေါင်းတလည်တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ပြည့်ပြည့်ဝင်းသည် ချောင်းကောင်းကျေးရွာ၌ သွားရောက်၍ တိုင်းရင်းဆေးဖြင့်ကွင်းဆင်းဆေးကုသရာ ကျား ၅ ဦး၊ မ ၂၀ ဦး၊ စုစုပေါင်း ၂၅ ဦး တို့အား ဆေးကုသမှုဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။