ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ရွှေတောင်မြို့နယ် တိုင်းရင်းဆေးကုမှ (၁၉-၁၂-၂၀၂၃)ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာနတိုင်းဒေသကြီးဦးစီးဌာနမှူး၏လမ်းညွှန်မှုဖြင့် ဒေါ်ဇာဇာအောင် သည် ရွှေတောင်မြို့နယ် ပြည်သူ့ဆက်ဆံရေးနှင့်ပြန်ကြားရေးဦးစီးဌာန,စားသုံးသူရေးရာဦးစီးဌာန မြို့နယ်လူမှု ဝန်ထမ်းဦးစီးဌာန မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ရွှေတောင်မြို့ (အမက မြောက်ပိုင်း)ကျောင်း၌ မေးရွဲ့ပါးရွဲ့ရောဂါအကြောင်း ကျောင်းသား/ကျောင်းသူ(၁၀၀)ဦးအား အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။