ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၆-၁၂-၂၀၂၃) ရက်နေ့တွင် ရွာသစ်ကုန်းကျေးရွာ၌ ကွင်းဆင်းဆေးကုသရာတွင် လူကြီး(ကျား) ၁၇ ဦး၊ လူကြီး(မ)၄၂ ဦး၊ ကလေး(ကျား) ၃ ဦး၊ ကလေး(မ) ၃ ဦး၊ စုစုပေါင်း (၆၅)ဦး ဆေးကုသပေးခဲ့ပြီး အဆုပ်အအေးမိရောဂါအကြောင်းကို လူဦးရေ (၁၅၈)ဦးအား ကျန်းမာရေးပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။