တနင်္သာရီတိုင်းဒေသကြီး မြိတ်(၂၅)ခုတင်ဆံ့ တိုင်းရင်းဆေးရုံ၌ တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ်ပညာပေးရေး အစီအစဉ် CTME အခမ်းအနားကို (၃၀.၁၁.၂၀၂၃)ရက်နေ့တွင် မြိတ်ခရိုင်တိုင်းရင်းဆေးဆရာအသင်းနှင့် မြိတ်ခရိုင် တိုင်းရင်းဆေးပညာဦးစီးဌာနတို့ပူးပေါင်း၍ CTME အခမ်းအနားကိုကျင်းပခဲ့ပါသည်။
အဆိုပါ အခမ်းအနားတွင် သဘာပတိအဖြစ် မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်းဗဟိုကော်မတီ အဖွဲ့ဝင် ဆရာကြီးဦးတင်ဝင်းမှ ဆောင်ရွက်ပြီး ပန်းနာရင်ကြပ်စာတမ်းကို ပုလောမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး ဦးမိုးဆွေဦးမှ ဖတ်ကြားတင်ပြကာ အခမ်းအနားသို့ တက်ရောက်လာသူ(၁၁)ဦးမှ စိတ်ဝင်စားစွာ အပြန်အလှန်ဆွေးနွေးကြကြောင်း သိရသည်။