the republic of the union of myanmar

ministry of health

Department of Traditional Medicine

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၂၂)ကြိမ်မြောက် တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲကိုကြိုဆိုသောအားဖြင့် တိုင်းရင်းဆေးပညာဖြင့် အသိပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေးစောင့်ရ

Error message

Notice: Undefined index: field_images in include() (line 5 of /var/www/html/sites/all/themes/dtm/template/node/node--article.tpl.php).

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၂၂)ကြိမ်မြောက် တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲကိုကြိုဆိုသောအားဖြင့် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်အေးချမ်းမိုး ဦးဆောင်သောအဖွဲ့သည် ပြန်ဆက်ဦးစီးဌာနနှင့် ပူးပေါင်း၍ (၄.၅.၂၀၂၃)ရက်နေ့၊ တနင်္လာနေ့ နံနက်(၉:၀၀)နာရီတွင် ဗိုလ်မြတ်ထွန်းလမ်းရှိ အထက(၃)၊ ဗိုလ်တထောင်ကျောင်း၌ ”မြန်မာနိုင်ငံယဉ်ကျေးမှုနှင့် အမွေအနှစ်များ၏ အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်သော တိုင်းရင်းဆေးပညာရပ်ကို အနာဂတ်မျိုးဆက်များထံ လက်ဆင့်ကမ်းပြီး လူ့အဖွဲ့အစည်း၏ ပြောင်းလဲနေသောလိုအပ်ချက်များနှင့် လိုက်လျောညီထွေဖြစ်အောင်ဆောင်ရွက်ပေးနိုင်ရန်” ရည်ရွယ်၍ တိုင်းရင်းဆေးပညာမိတ်ဆက်နှင့် ဆောင်းရာသီတွင်ဖြစ်ပွါးတတ်သော ရောဂါများအကြောင်း နှင့် လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်နန်းမြတ်ပန်းအိသွယ်မှ အဆုတ်အအေးမိရောဂါအကြောင်း ကျောင်းသား၊ကျောင်းသူ (၁၂၀)ဦးအား ကျန်းမာရေးအသိပညာပေးဟောပြောခဲ့ပြီး အထက(၃)ကျောင်းအုပ် ဆရာမကြီး ဒေါ်ဌေးဌေးဝင်းအား တိုင်းရင်းဆေးဝါးများပေးအပ်လှူဒါန်းခဲ့ကာ ကျောင်းသား၂၅ဦး၊ ကျောင်းသူ၃၅ဦးအား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်းသိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ