the republic of the union of myanmar

ministry of health

Department of Traditional Medicine

ကချင်ပြည်နယ် တိုင်းရင်းဆေးပညာဦးစီးဌာန၊ မြစ်ကြီးနားမြို့ ခုတင်(၅၀)ဆံ့တိုင်းရင်းဆေးရုံမှ (၂၂)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲ အကြိုကွင်းဆင်းဆေး ကုသပေးခြင်း

ကချင်ပြည်နယ် တိုင်းရင်းဆေးပညာဦးစီးဌာန၊ မြစ်ကြီးနားမြို့ ခုတင်(၅၀)ဆံ့တိုင်းရင်းဆေးရုံမှ (၂၂) ကြိမ်မြောက်  မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲ အကြိုကွင်းဆင်းဆေး ကုသပေးခြင်းကို  ၃-၁၂-၂၀၂၃ ရက်နေ့တွင် ဝန်ထမ်းများသည် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်၊ အင်ဂျန်ဒုံနှစ်ခြင်း ခရစ်ယာန်ဘုရားကျောင်း၌ ပြုလုပ်ခဲ့ပြီး ကျား-၁၄ဦး၊ မ-၃၈ ဦး စုစုပေါင်းလူနာ=၅၂ ဦးတို့ကို ဆေးကုသပေးခဲ့ပြီး ပြည်နယ်ဦးစီးဌာနမှူး ဦးစိုးနိုင်မှ "ကျန်းမာသက်ရှည်နေနိုင်ရေး သမုဌာန် (၄)ပါးလိုက်နာပေး" ခေါင်းစဉ်ဖြင့်လည်းကောင်း ခုတင် (၅၀)ဆံ့ တိုင်းရင်းဆေးရုံမှ ဆေးရုံအုပ် ဒေါ်မြဌေးမှ "ဆောင်းရာသီတွင် ဖြစ်တတ်သောရောဂါများ" ခေါင်းစဉ်ဖြင့်လည်းကောင်း ကျား- ၃၅ ဦး၊ မ- ၆၀ဦး ၊စုစုပေါင်း ၉၅ ဦးတို့အား ကျန်းမာရေးအသိပညာပေးဟောပြောပေးခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

ဆေးပင်စားပင် ကြက်ဟင်းခါးပင်
တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း