ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၂၂)ကြိမ်မြောက် တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲကို ကြိုဆိုသောအားဖြင့် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်မေသန်းမြင့်ထွေးနှင့် လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်စိုးစိုးဦးတို့ သည်( ၉.၁၁.၂၀၂၃ ရက်နေ့တွင် အလုံမြို့နယ်၊ ဆင်မင်းရပ်ကွက်၊ ပညာသီရိဓမ္မဗိမာန်တော်၌ ကွင်းဆင်း ဆေးကုသမှု ဆောင်ရွက်ခဲ့ရာ လူနာကျား(၁၁)ဦး ၊မ(၁၈)ဦး၊စုစုပေါင်း(၂၉)ဦး အားတိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။
