မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ (၂၅)ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ (၂၂) ကြိမ်မြောက် တိုင်းရင်းဆေး သမားတော်များညီလာခံနှင့် တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲအကြိုဂုဏ်ပြုသောအားဖြင့် (၂၄. ၁၁.၂၀၂၃) ရက်နေ့တွင် ဆေးရုံအုပ် ဒေါ်ကြည်ကြည်စိန် ဦးဆောင်ပြီး ဒုတိယဆေးရုံအုပ် ဒေါ်လှိုင်သင်းနှင့်အဖွဲ့သည် ကျောက်ဆည်မြို့ ငါးဆူပရိယတ္တိစာသင်တိုက်၌ စာသင်သားသံဃာ (၄၅)ပါးအား ကွင်းဆင်းဆေးကုသပေးခဲ့ ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။