မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၂၂)ကြိမ်မြောက်တိုင်းရင်းဆေးသမားတော်များညီလာခံနှင့်တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲအကြို အကြို ဂုဏ်ပြုသောအားဖြင့် (၂၄-၁၁-၂၀၂၃) ရက်နေ့တွင် ခရိုင်ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်စုစုဝင်း၊ မြို့နယ် တိုင်းရင်းဆေးမှူး ဒေါ်ဆွေဆွေမြင့်တို့ ဦးဆောင်သောအဖွဲ့သည် ကျောက်ဆည်မြို့နယ်၊ ဘောဂဝတီ ရပ်ကွက် မူလတန်းလွန်ကျောင်း၌ ကွင်းဆင်းဆေးကုခြင်းဆောင်ရွက်ရာတွင် မလူကြီး(၂)ဦး၊ ကျားကလေး(၈၀)ဦး၊ မကလေး(၁၀၇)ဦး၊ စုစုပေါင်း(၁၈၉)ဦး ဆေးကုသပေးခဲ့ပြီး စုစုပေါင်း (၂၅၀)ဦးအား ပညာပေးဟောပြော၊ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။