(၂၂) ကြိမ်မြောက် တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် တိုင်းရင်းဆေးပညာနှီးနှော ဖလှယ်ပွဲအကြို ကွင်းဆင်းဆေးကုသခြင်းကို ၂၂.၁၁.၂၀၂၃ ရက်နေ့တွင် မြိုင်ကြီးငူ အထူး ဒေသတွင် ဘားအံမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ဌေးဌေးနွယ်က အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်း ဘားအံ၌ ကွင်းဆင်းဆေးကုသခြင်းနှင့်ကျန်းမာရေးပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ပြီး လူနာ မလူကြီး ၃၅ ဦး အား ကုသမှုပေးခဲ့ပြီး ကွင်းဆင်းကုသမှုပေးခြင်းနှင့် အတူသွေးဆုံး မီးယပ် ရောဂါအကြောင်း ကျန်းမာရေးအသိပညာပေးဟောပြောခြင်းများလည်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

