ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၂၀.၁၁.၂၀၂၃)ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးဌာနမှူး၏လမ်းညွှန်မှုဖြင့် ပြည်ခရိုင် တိုင်းရင်းဆေးကုဌာနမှ ခရိုင်တိုင်းရင်းဆေးမှူး ဒေါ်ခိုင်ဝါဝါအောင်ဦးဆောင်ပြီး ရွှေတောင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်နီလာမြင့်တို့သည် (၂၂)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့်တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲ အကြို ကွင်းဆင်းဆေးကုသခြင်းကို ရွှေတောင်မြို့ အမ္မာရာမကျောင်းတိုက်၌ ကျား (၈)ဦး မ(၁၂)ဉီး စုစုပေါင်း (၂၀)ဦးကို တိုင်းရင်းဆေးဖြင့်ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။