the republic of the union of myanmar

ministry of health

Department of Traditional Medicine

ပဲခူးတိုင်းဒေသကြီး၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးဌာနမှူး၏လမ်းညွှန်မှု့ဖြင့် ပြည်ခရိုင် တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

ပဲခူးတိုင်းဒေသကြီး၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးဌာနမှူး၏လမ်းညွှန်မှု့ဖြင့် (၁၇.၁၁.၂၀၂၃)ရက်နေ့တွင်   ပြည်ခရိုင် တိုင်းရင်းဆေးကုဌာနမှ ခရိုင်တိုင်းရင်းဆေးမှူး ဒေါ်ခိုင်ဝါဝါအောင် ဦးဆောင်ပြီး ပြည်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်သိန်းသိန်းဆွေနှင့် ပေါင်းတည်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဦးနေဝင်း တို့ပူးပေါင်းပါဝင်သောအဖွဲ့သည် (၂၂)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေး သမားတော်များညီလာခံနှင့်တိုင်းရင်းဆေးပညာနှီးနှော ဖလှယ်ပွဲ အကြို ကွင်းဆင်းဆေးကုသခြင်းကိုပြည်မြို့ဝေပုလ္လကာရီကျောင်းတိုက်၌  ကျား (၅)ဦး မ(၃၀)ဉီး စုစုပေါင်း (၃၅)ဦးကို တိုင်းရင်းဆေးဖြင့် အခမဲ့ကွင်းဆင်းဆေး ကုသမှု့ဆောင်ရွက်ခဲ့ပြီး ခရိုင်တိုင်းရင်းဆေးမှူး ဒေါ်ခိုင်ဝါဝါအောင်မှ ရာသီတုပ်ကွေးအကြောင်း သိကောင်းစရာအကြောင်းနှင့် မြို့နယ် တိုင်းရင်းဆေးမှူး ဒေါ်သိန်းသိန်းဆွေမှ တကိုယ်ရေသန့်ရှင်းရေးအကြောင်း သိကောင်းစရာအကြောင်းခေါင်းစဉ်ဖြင့် ဟောပြောရာတွင် တက်ရောက်သူ မ (၄၀)ဦးအား အသိပညာပေးဟောပြောမှု ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း