ရန်ကုန်တိုင်းဒေသကြီး ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံ၊ ရန်ကုန်မှ အကြီးတန်းတိုင်းရင်းဆေးမှူး ဒေါ်သန်းသန်းအေး ဦးဆောင်၍ (၁၅.၁၁.၂၀၂၃) ရက်(ဗုဒ္ဓဟူးနေ့)တွင် ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ယဥ်မွန်ချို ၊ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်မိတင်တင်ဦး၊ အငယ်တန်းစာရေး ဒေါ်ကြူကြူဝင်း တို့ပါဝင်သော ကွင်းဆင်းဆေးကုသရေးအဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ အမျိုးသမီးများ ဖွံ့ဖြိုး တိုးတက် ရေးဌာန၌ နံနက် (၁၀)နာရီမှ ညနေ(၃)နာရီအထိ၊ ဆောင်းရာသီတွင်ဖြစ်တက်သောရောဂါများအကြောင်းအရာ ခေါင်းစဥ်ဖြင့် ကျန်းမာရေးအသိပညာပေးဟောပြောခဲ့ပြီး၊ ဟောပြောပွဲသို့လူဦးရေ(၈၅)တက် ရောက်ခဲ့ကာ လူနာ စုစုပေါင်း မ(၅၆)ဦးတို့အား အခမဲ့ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ပေးခဲ့ခြင်း၊ ဆေးဖက်ဝင်အပင်များ စိုက်ပျိုးနိုင်ရန်အတွက်ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။