အဆိုပါ အခမ်းအနားတွင် သဘာပတိအဖြစ် ပြည်နယ်ဦးစီးဌာမှူး ဆရာကြီးဦးလှစည် (ငြိမ်း) မှ ဆောင်ရွက်ပြီး အခမ်းအနားမှူး အဖြစ် ပြည်တိုင်ရင်းဆေးရုံမှ ရုံးအကူ ဒေါ်သဲစုမိုး ဆောင်ရွက်ခဲ့ပြီး ပန်းနာရင်ကြပ် ရောဂါစာတမ်းအား ပြည်တိုင်းရင်းဆေးရုံမှ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်ဇာလီ၀င်းမှ ဖတ်ကြား တင်ပြခဲ့ပါသည်။ အခမ်းအနားသို့ တက်ရောက်လာကြသူများမှ ဝိုင်းဝန်း ဆွေးနွေးကြကာ တက်ရောက်သူ စုစုပေါင်း (၂၄)ဦးရှိပြီး ပြည်တိုင်းရင်းဆေးရုံမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်သဇင်အေး မှတ်တမ်းတင် ဆောင်ရွက်ကြောင်း သိရှိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။