ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်တိုင်းရင်းဆေးကုဌာနမှ (၁ဝ.၁၁.၂၀၂၃) ရက်နေ့တွင် မြို့နယ်တိုင်းရင်းဆေးမှူး ဦးတင်ဖြိုးအောင် ဦးဆောင်သောအဖွဲ့သည် (၆) နံပါတ် ရပ်ကွက်ရှိ ပြည်သူများကို တိုင်းရင်းဆေးဖြင့် အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ခဲ့ကြောင်း ကွင်းဆင်းဆေးကုသပေးခဲ့သော လူနာဦးရေမှာ လူကြီး(ကျား) - ၉ ဦး၊ လူကြီး( မ ) - ၂၇ ဦး ၊ စုစုပေါင်း - ၃၆ ဦး တို့အား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။