ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် တိုင်းရင်းဆေးပညာဦးစီးဌာနမှ ပြည်ဆန်လှူအသင်းကြီး၏ နှစ်စဉ် ကျင်းပမြဲ ဖြစ်သော (၄၂)ကြိမ်မြောက်ဆွမ်းဆန်တော် လောင်းလှူပွဲတွင် (၂၂.၁၀.၂၀၂၃) ရက်နေ့ တနင်္ဂနွေနေ့တွင် ကျင်းပ ပြုလုပ်သည့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏လမ်းညွှန်ချက်အရ တောင်တန်းတောရ စာသင် တိုက်များ အားပင့်ဖိတ်၍ ဆွမ်းဆန်တော်များအပါအဝင် ဆန်၊ ဆီ၊ပဲ ၊ဆား ၊ဆေး နှင့် ဝတ္တုငွေများ လောင်းလှူ ပူဇော်ပွဲအခမ်းနားတွင် ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဝတ္တုငွေနှင့် တိုင်းရင်း ဆေးဝါးများလှူဒါန်းခဲ့ကြောင်း သိရသည်။